English | မြန်မာလို

myWin

ယူနီကုတ် ၅.၂ အတွက် မြန်မာကီးဘုတ်အပြင်အဆင်

ယူနီကုတ်စနစ် ၅.၂ စံသတ်မှတ်ချက် ကိုလိုက်နာသော ဖောင့်ကိုသုံးပြီး မြန်မာစာရိုက်နှိပ်ခြင်းအတွက် ဤကီးဘုတ်သည် ကောင်းမွန်သောကီးဘုတ် အပြင်အဆင်တစ်ခုကို လုပ်ဆောင်ပေးပါသည်။ ဥပမာ Padauk.ttf ဖောင့်ကို သုံးနိုင်သည်။

ဤကီးဘုတ်သည် Tavultesoft Keyman (Windows), Ekaya (Windows) or SCIM with KMFL support (Linux) လိုအပ်သည်။ တက်စ်ခ်ဘားပေါ်ရှိ ကီးဘုတ်အိုင်ကွန်ကို နှိပ်ပြီး myWin Keyboard iconကို ရွေးချယ်ပါ။ အင်္ဂလိပ်လိုရိုက်နှိပ်ရန် Keyman အိုင်ကွန်ကို ထပ်နှိပ်ပြီး “English” သို့ “No Keyman Keyboard” ကို ရွေးချယ်ပါ။

ကီးဘုတ်အပြင်အဆင်

Shift မနှိပ်ထားသော

္` ၁1 ၂2 ၃3 ၄4 ၅5 ၆6 ၇7 ၈8 ၉9 ၀0 -- == Bksp
Tab ဆq တw နe မr အt ပy ကu ငi သo စp ဟ[ ‘] ၏\
Caps ​ေa ျs ိd ်f ါg ့h ြj ုk ူl း; ဒ' Enter
Shift ဖ​z ထx ခc လv ဘb ညn ာm ယ, .. ။/ Shift
Ctrl Win Alt AltGr Menu Ctrl

Shift နှိပ်ထားသော

~ ဍ1 ဎ2 ဋ3 ကျပ်4 %5 /6 ရ7 ဂ8 (9 )0 __ ++ Bksp
Tab ဩQ ဝW ဿE ဣR ဤT ၌Y ဉ  U ၍I ဥO ဏP ဧ{ ’} ဋ္ဌ|
Caps ​ဗA ှS ီD   င်္ F ွG ံH ဲJ ုK ူL ါ်: ဓ" Enter
Shift ဇ​Z ဌX ဃC ဠV ဦB ဈN ဪM ,< ၎> ၊? Shift
Ctrl Win Alt AltGr Menu Ctrl

ရှင်းပြချက်

မြန်မာဖောင့်အဟောင်းသည် အက္ခရာတချို့၏ ကွဲပြားသောပုံစံအမျိုးမျိုးနှင့် အခြားသော သင်္ကေတတို့ လိုအပ်လေ့ရှိသည်။ ယခုအခါ တော်တော်များများမှာ ထိုကဲ့သို့ မလိုအပ်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ဤဖောင့်သည် အက္ခရာတစ်လုံးစီအတွက် သင့်တော်သော မှန်ကန်သော ပုံစံကို ရွေးချယ်ထားသည်။ ဆိုလိုသည်မှာ control (သို့) alt တို့နှင့်တွဲပြီးရိုက်နှိပ်ခြင်းများ မလိုအပ်တော့ပါ။

နှစ်လုံထပ်အက္ခရာများ ပါဌ်ဆင့်

နှစ်လုံးထပ်အက္ခရာများကို ရိုက်နှိပ်သောအခါ အက္ခရာကို ပုံမှန်ပုံစံအတိုင်းရိုက်နှိပ်ပြီး ကီးဘုတ်၏ ဒုတိယအတန်း ဘယ်ဘက်ထိပ်ရှိ (` key) ကိုနှိပ်လျှင် အက္ခရာနှစ်လုံးထပ်ကို ရမည်။ဥပမာ-

မြင်နိုင်သော မြန်မာစာ ရိုက်နှိပ်ပုံအဆင့်ဆင့်
က u
ကက uu
က္က uu`

ျ ြ ွ ှ ၏ပုံစံ

ျ၊ြ၊ွ၊ှ တစ်ခုစီအတွက် ျ၊ြ၊ွ၊ှ ကီး တစ်ခုတည်းကိုသာ အမြဲတမ်းသုံးနိုင်သည်။ ‘ပ’အတွက် ြ နှင့် ‘က’အတွက် ြ ကို ြ ကီးတစ်ခုတည်းဖြင့်သာသုံးနိုင်ပါသည်။ တစ်ခုစီအတွက် ကီးထပ်မံရွေးစရာမလိုအပ်ပါ။ ‘ြှု’ ရိုက်ရန်အတွက် တစ်ခုခြင်း အစီစဉ်အတိုင်းသာ ရိုက်နှိပ်သွားရုံဖြစ်သည်။

မှတ်ချက်- ျ၊ြ၊ွ၊ှ ကို ဗျည်းရိုက်နှိပ်ပြီးမှသာ ရိုက်နှိပ်ရမည်ဖြစ်သည်။ ဤအရာသည် ယခင်နှင့်မတူသောပြောင်းလဲမှုဖြစ်သည်။ ယခင်က ‘ြ’ ရိုက်နှိပ်သည့်အခါ ဗျည်း မရိုက်နှိပ်မှီ ဦးစွာ ရိုက်နှိပ်ရပါသည်။

မြင်နိုင်သော မြန်မာစာ ရိုက်နှိပ်ပုံအဆင့်ဆင့်
က u
ကြ uj
ကြိ ujd
ကြို ujdk
​ေ a
နေ ae
နွေ aeG
နွေး aeG;
​ေ a
​ခေ ac
​ချေ acs
​ချွေ acsG
​ချွေး acsG;

ကင်းစီး ( င်္)

ကင်းစီးရိုက်နှိပ်ရန်အတွက် ပုံမှန်နည်းလမ်းအတိုင်းသာဖြစ်ပါသည်။

မြင်နိုင်သော မြန်မာစာ ရိုက်နှိပ်ပုံအဆင့်ဆင့်
သ o
သခ oc
သင်္ခ ocF
သင်္ချ ocFs
သင်္ချိ ocFsd
သင်္ချို ocFsdk
သင်္ချိုင ocFsdki
သင်္ချိုင် ocFsdkif
သင်္ချိုင်း ocFsdkif;